Monday, 2 November 2015

ရွှေ အခေါ်အဝေါ်နှင့်တွက်ချက်နည်းများ

ရွှေ အခေါ်အဝေါ်နှင့်တွက်ချက်နည်းများ

(၁) ရွှေ၏ဂုဏ်သတ္တိများ
Symbol of gold = Au (Aurum) (Latin word) (အရုဏ်ဦးအလင်းရောင်)
Atomic number of gold = 79
Atomic mass of gold = 196.96655 amu
Density of pure gold = 19.4 g/cm3 (Normally 19.32 , 19.2)
Melting point = 1064.43 °C (1337.5801 K, 1947.9741 °F)
Boiling point = 2807.0 °C (3080.15 K, 5084.6 °F)
Quality (Purity) of pure gold = 24 carats
ပေါကြွယ်ဝမှုအဆင့် = ၇၅
Resistance အနည်းဆုံးသတ္ထု
အပြားပါးအောင်အခတ်နိုင်ဆုံးသတ္ထု
နန်းကြိုးအဆွဲခံနိုင်ဆုံးသတ္ထု ( 1 troy ounce မှာ ၃၅ ~ ၅၀မိုင် )

(၂) ပိဿာ ၊ ကျပ် ၊ ပဲ ၊ ရွေး ၊ မူး ၊ မတ် ၊ စိပ် ၊ ခြမ်း
၁ ပိဿာ = ၁၀၀ ကျပ်
၁ ကျပ် = ၁၆ ပဲ
၁ ပဲ = ၇.၅ ရွေး (မန္တလေး) ၊ ၁ ပဲ = ၈ ရွေး (ရန်ကုန်)
၁ ကျပ် = ၁၂၀ ရွေး (မန္တလေး) ၊ ၁ ကျပ် = ၁၂၈ ရွေး (ရန်ကုန်)
၂ ပဲ = ၁ မူး
၎ ပဲ = ၁ မတ်
၈ ပဲ = ၅ မူး
၁၂ ပဲ = ၃ မတ်
၁/၄ (၀.၂၅) ရွေး = ၁ စိပ်
၁/၂ (၀.၅) ရွေး = ၁ ခြမ်း
၃/၄ (၀.၇၅) ရွေး = ၃ စိပ်
1 troy ounce = 31.1034768 g = 1.875 ကျပ် (1.9047 ကျပ်)
1 ကျပ် = 16.6 g = 0.0166 kg
ရွှေဈေးနှုန်းသည် ၁ကျပ်သားဈေးနှုန်းသာရှိပါသည်။ ထို့ကြောင့် ရွှေ ၀ယ်/ရောင်းသည့်အခါ ကျပ်ဖွဲ့၍ ပေါက်ဈေးဖြင့်တွက်ချက်ရပါသည်။

(၃) ကျပ်ဖွဲ့နည်း
ရွေး / ၇.၅ + ပဲ / ၁၆ + ကျပ် = ကျပ်
ဥပမာ
၁ကျပ် ၂ပဲ ၃ရွေး ကို ကျပ်ဖွဲ့လိုပါက
၃ / ၇.၅ = ၀.၄ +၂ = ၂.၄ / ၁၆ = ၀.၁၅ + ၁ = ၁.၁၅ ကျပ်

(၄) မြန်မာ့ရွှေဈေးတွက်နည်း
ဒေါ်လာလဲဈေး x ကမ္ဘာ့ရွှေဈေး / ၁.၈၇၅ = မြန်မာ့ရွှေဈေး (မီးလင်းရွှေဈေး , အခေါက်ရွှေဈေး , ၁၆ပဲရည်ရွှေဈေး)
အပြန်အလှန်အားဖြင့် မြန်မာကျပ်ငွေနှင့် ဒေါ်လာလဲဈေးတွက်လိုပါက
မြန်မာ့ရွှေဈေး / ကမ္ဘာ့ရွှေဈေး x ၁.၈၇၅ = ၁ဒေါ်လာလဲဈေး
ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စ (troy ounce) ပေါ်တွင်အခြေခံ၍တွက်ထားသောဒေါ်လာဈေးနှုန်းဖြစ်ပါသည်။

(၅) ၁၅ပဲရည်ဈေးတွက်နည်း
အတွင်းစပ်နည်း (ရှေးမူ)
၁၅ / ၁၆ x မီးလင်းပေါက်ဈေး
အပြင်စပ်နည်း
၁၆ / ၁၇ x မီးလင်းပေါက်ဈေး
၁၆ / ၁၈ x မီးလင်းပေါက်ဈေး = ၁၄ပဲရည်ဈေး
၁၆ / ၁၉ x မီးလင်းပေါက်ဈေး = ၁၃ပဲရည်ဈေး
၁၆ / ၂၀ x မီးလင်းပေါက်ဈေး = ၁၂ပဲရည်ဈေး
၁၅ပဲရည်ဖြစ်ရန်အတွက်
ရောစပ်မည့် ၁ပဲ ( ဘော် ၆ရွေး > ၊ ကြေးနီ ၁.၅ရွေး < ) (အဖန်စပ်) (အစိမ်း)
ရောစပ်မည့် ၁ပဲ ( ဘော် ၅ရွေး < ၊ ကြေးနီ ၂.၅ရွေး > ) (အငန်စပ်) (အနီ)
ရွှေဆိုသည်မှာ ဈေးလျှော့၍ ရောင်းနိုင်သော ရောင်းကုန်ပစ္စည်းမဟုတ်ပါ။ ဈေးလျှော့၍ရောင်းသောရွှေထည်များသည်
၁၅ပဲရည်အောက်ရွှေထည်များသာဖြစ်လိမ့်မည်။

(၆) ဒင်္ဂါးရွှေဈေးတွက်နည်း
အမေရိကန် coin ( ၁ကျပ် ၊ ၂ကျပ် ) ( ၁ကျပ်သားမှာ အခြားသတ္ထု ၁၂ရွေးသားရောထားတဲ့ရွှေ )
အင်္ဂလန် coin ( ၁မတ် ၊ ၅မူး ) ( ၁ကျပ်သားမှာ အခြားသတ္ထု ၁၃ရွေးသားရောထားတဲ့ရွှေ )
၁၂၀ - ရောစပ်ထားသောဘော်/ကြေးနီ(ရွေး) / ၁၂၀ x မီးလင်းပေါက်ဈေး = ဒင်္ဂါးရွှေဈေး
အပြန်အလှန်အားဖြင့်
ရောစပ်ထားသောဘော်/ကြေးနီ(ရွေး) = ဒင်္ဂါးရွှေဈေး / မီးလင်းပေါက်ဈေး x ၁၂၀ - ၁၂၀

(၇) ပါသည့်ငွေဖြင့်ရွှေဝယ်လျှင်ရမည့်ရွှေ = ပါသည့်ငွေ / မီးလင်းပေါက်ဈေး
ဥပမာ
ပါသည့်ငွေ = ၆၃၄,၅၀၀ကျပ် ၊ မီးလင်းပေါက်ဈေး = ၇၂၄,၅၀၀ကျပ် ဖြစ်လျှင်
ရရှိမည့် မီးလင်းရွှေချိန်တန်ဘိုး = ၁၄ပဲ
ရရှိမည့် ၁၅ပဲရည်ရွှေချိန်တန်ဘိုး = ၁၄ပဲ ၆.၅ရွေး

(၈) ကျွတ်နှုန်းတွက်နည်း
ရွှေအရိုင်းများကိုလှော်ပြီးတင်ကျန်ရစ်သည့်ရွှေနှင့်ခြားနားသည့်အခါလျော့သွားသောရွှေများကို ကျွတ်သည်ဟုခေါ်ပါသည်။ ကျွတ်နှုန်းဆိုသည်မှာ ၁ကျပ်သား၏ကျွတ်နှုန်းကိုဆိုလိုပါသည်။
အရိုင်းရွှေကျပ်ဖွဲ့ပါ M+ မီးလင်းရွှေကျပ်ဖွဲ့ပါ / MRC - 1 x 120 = ၁ကျပ်သားကျွတ်နှုန်း
ဥပမာ
ရွှေရိုင်း = ၉ကျပ် ၉ပဲ ၃ရွေး ၊ မီးလင်း = ၇ကျပ် ၈ပဲ ၂ရွေး ဖြစ်လျှင် ကျွတ်နှုန်း = ၂၅.၉ရွေး
ရွှေရိုင်း = ၃၅ကျပ် ၁၁ပဲ ၃.၅ရွေး ၊ မီးလင်း = ၃၃ကျပ် ၁၀ပဲ ၂.၅ရွေး ဖြစ်လျှင် ကျွတ်နှုန်း = ၆.၉ရွေး

(၉) ရွေး120 - ကျွတ်မည့်ရွေး / 120 x မီးလင်းပေါက်ဈေး = အရိုင်း၁ကျပ်သားဝယ်ဈေး

(၁၀) ရွေး120 - ကျွတ်မည့်ရွေး / 120 x မီးလင်းပေါက်ဈေး / 50 (ရွေးကြီး) = အရိုင်း၁ရွေးသားဝယ်ဈေး

(၁၁) ရွေးကြီး၁လုံးခန့်မှန်းဝယ်ဈေး x 6000 / မီးလင်းပေါက်ဈေး - 120 = ကျွတ်မည့်ရွေး (ကျွတ်နှုန်း)

Credit 😂😂😂😂

စိန် (Diamond)

စိန်
ဈေးနှူန်းကိုအောက်ပါ အချက်၎ချက်ဖြင့် သတ်မှတ်ပါသည်။
4C ဟု အတိုကောက် မှတ်နိုင် သည်။

၁။ Carat -စိန်၏အလေးချိန်
၂။ Clarity -စိန်၏သန့်စင်မှု
၃။ Cut -စိန်၏သွေးကွက်ပုံကျမကျ
၎။ Color -စိန်၏အရောင်အသွေး
အထက်ပါအချက်၎ချက်သည်တချက်ကိုတချက်မှီခိုမှုရှိသည် ။
ဥပမာစိန်၏အရွယ်မှာ၃ကာရက်ရှိပြီးအရောင်မှာအညိုရောင်ဖြစ်နေသည်။ စိန်ကိုရှေးစိန်သွေးကွက်ဖြင့်သွေးထားမည်။သာမန်မျက်စေ့(မှန်ဘီလူးမပါ )ကြည့်ပါကစိန်အတွင်းသားနှင့် မျက်နှာပြင်တွင်အမည်းစက်နှင့်အနာရှိနေပါက စိန်အရွယ်၁ကာရက်ရှိပြီး အ၀ါရောင် အနေမရှိသော စိန်ကသာလျှင် ပိုတန်ဖိုးရှိလေသည်။

၁။Carat
ရတနာများ၏ အလေးချိန် ကိုဖော်ပြရာတွင် ကာရက်ချိန်ကို သုံးပါသည် မြန်မာပြည်တွင် ရတီချိန်ကို သုံးသော် လည်း ကမ္ဘာ့ဈေးကွက်တွင်ကာရက်ကိုသာသုံးပါသည်။ ၁ကာရက်=၁.၁ရတီ

၂။ Clarity
စိန်၏သန့်စင်မှုကိုအောက်ပါအတိုင်းသတ်မှတ်ပါသည်။
F=Flawless
IF=Internally Flawless
VVS1=Very Very Small Inclusion
VS=Very Small Inclusion
S1=Small Inclusion
I=Inclusion
P=Commercial Use
F&IF အဆင့်များသည်၁၀ဆမှန်ဘီလူးဖြင့်ကြည့်ပါ ကလုံးဝ အနာအဆာမရှိခြင်းဖြစ်သည်။ VVS1 မှာ သာမန် မျက်စိဖြင့်အနာမမြင်နိုင်ပဲ၁၀ဆချဲ့မှန်ဘီလူးဖြင့်ကြည့်လျှင် အပ်ခေါင်းလောက်ရှိသောအမှုန်ကို
ကျောက်မျက်ပညာရှင်ကတွေ့နိုင်ပါသည်။ မြန်မာအခေါ်အရအစင်အသန့်ဟုခေါ်နိုင်ပါသည်။ ဈေးကွက်တွင်VVS1 VVS2 ဟူ၍ထပ်မံခွဲထားပါသည်။ VVS2တွင်အမှုန်၂စက်၃စက်ခန့်ပါနိုင်ပါသည်။ VSSတွင်လည်းVS1 VS2 ဟူ၍ထပ်ခွဲပါသည်။အစက်အပြောက်အနာအဆာများပါနိုင်ပါသေးသည်။ S1တွင်လည်း S1, S2, S3ဟူ၍ခွဲထားပါသည်။ အနာကြီးအမည်းစက်များပါနိုင်ပြီးမျက်စိဖြင့်မြင်နိုင်ပါသည်။Iတွင်လည်း I1,I2ဟူ၍ခွဲကြပါသည် ။မြန်မာအခေါ်ရေခဲသားဟုခေါ်သည်။ေ ရခဲတုံးကိုကြည့်
လျှင်အသားမကြည်ဘဲအက်ကြောင်းများတွေ့ရသကဲ့သို့ ၄င်းစိန်တွင်လည်းစိန်၏အလင်းမရှိတော့ဘဲ ရေခဲတုံးကဲ့သို့ဖြစ်နေပါသည်။ နောက်ဆုံးအမျိုးအစားပီမှာအလွန်ညံ့သောစိန်ဖြစ်ပြီးလုံးဝမ၀ယ်သင့်ပေ။
မြန်မာလူမျိုးများအနေဖြင့် ပွင့်အားကောင်းလျှင်(မီးအားကောင်းလျှင်)
ကြိုက်ကြသည်။ စိန်၏သဘောမှာအကြမ်းအားဖြင့်
အနည်းငယ်ဝါနေလျှင်မီးပိုအားကောင်းသည်။

၃။Cut
စိန်၏သွေးကွက်ပုံမကျလျှင်လည်းစိန်၏မီးကောင်းမှု၊ လင်းလက်မှုအလှကို
မဖော်ပြနိုင်ပေ။ စိန်တပွင့်လျှင်အကွက်၅၇ကွက်ရှိပါသည်။
အချို့စိန်တွင်၅၈ကွက်ရှိနေတတ်ပါသည်။
အပိုကွက်ကို extra Facetedဟုခေါ်သည်။
၎င်းအပိုကွက်၁ကွက်ပါခြင်းသည်လည်းစိန်၏ဈေးနှုံးကိုကျစေပါသည်။
သာမန်မျက်စိဖြင့်မမြင်နိုင်ပေ။
မြန်မာပြည်တွင်ရှေးအခါကစိန်များကို ၅၇ကွက်နည်းဖြင့်မသွေးကြပါ။
စိန်အလေးချိန်မလျော့စေရန်နှင့် နည်းပညာအားနည်းမှုများကြောင့်ဖြစ်သလို
သွေးထားကြလေသည်။
ထို့ကြောင့်ပုံပန်းမကျဖြစ်ပြီးစိန်၏ပွင့်အားနှင့် အလှအပကိုမဖော်ပြနိုင်ပေ။ ယနေ့ခေတ်တွင် အပါးရိုင်းပုံကျ၅၇ကွက်စိန်ကိုသာ ကမ္ဘာ့ဈေးကွက်ဝင်ပါသည်။ ထို့ကြောင့်ရှေးစိန်များအရွယ်ကြီးပြီးမလှပသဖြင့်တန်ဖိုးနည်းပါသည်။

၎။ Color
စိန်၏အရောင်ကိုအောက်ပါအတိုင်းအဆင့်ခွဲထားပါသည်။
D, E, F, G, H, I, J, K, L, M, N,…………X
D, E, F =Colorless
G, H, I=Tinted White
K, L, M = Faint Yellow
N, O, P, Q, R, S, T =Very Ligh Yellow
U, V, W, X = Light Yellow
မြန်မာအခေါ်အရ I color ကိုအဖြူဟုခေါ်သည်။ အမှန်တကယ်တွင် အတွေ့အကြုံရှိသူများသာ- G-Iကိုမှန်ဘီလူးဖြင့်ကြည့်ပါက အနည်းငယ်ဝါနေကြောင်းမြင်နိုင်ပါသည် ၊မြန်မာလူမျိုးများ၏အကြိုက်မှာအနည်းငယ်ဝါပြီဲး J-N အရောင်၊သန့်စင်မှုအဆင့် VVS2ကိုကြိုက်ကြသည်။ အရောင်နိမ့်ပြီးသန့်စင်မှုမြင့်သည်ကိုပိုမိုနှစ်သက်ကြပါသည်။ အမေရိကားတွင်မူလူအများစုမှာအရောင်မြင့်င်္ပြီ F, G, H သန့်စင်မှုအဆင့် S1, Iကိုသာအများဆုံးဝယ်ယူဝတ်ဆင်ကြသည်။
ဈေးကွက်တွင်မူ D, E, Fမှာ၎င်း၏ ရှားပါးမှုကြောင့် တန်ဖိုးကျခြင်းမရှိသဖြင့် ရတနာစု သူများ ၀ယ်သင့်ပါသည်။
စုစည်းတင်ပြသည်။
Credit to Natural Jade ရတနာဆိုင်

ကျန်းမာရေးနှင့်ငုံးဥ

ကျန်းမာရေးနှင့် ငုံးဥ

လေ့လာမှုများစွာလုပ်ပြီးနောက်မှာ ငုံးဥကို စူပါအစားအစာ စာရင်းထဲမှာထည့်သွင်းလိုက်ပြီဖြစ်ကြောင်း အာဟာရဗေပညာရှင်တွေက အတည်ပြုထားပါတယ်။ ဒါ့အပြင် တရုတ်တိုင်းရင်းသားဆေးဆရာတွေဟာ ရောဂါများကို ကုသမှုတွေမှာ ကြက်ဥထက်စာရင် ငုံးဥကပို၍ အစွမ်းထက်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း တရုတ်ဟင်းလျာတွေမှာ ငုံးဥကိုထည့်သွင်းမှု များပြားတာဖြစ်ပါတယ်။

ငုံးဥကိုနေ့စဉ် (၂၅)ရက်ခန့် စားသုံးခြင်းဟာ စိတ်ဖိစီးမှုကို လျော့ပါးစေတယ်လို့သိရပါတယ်။ အစပိုင်း (၃)ရက်မှာ တစ်နေ့ကို သုံးလုံးစားသုံးရမှာဖြစ်ပြီး ကျန်ရက်တွေမှာတော့ ငါးလုံးစီ စားသုံးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အသက်အရွယ်နဲ့ စိတ်ဖိစီးမှု အတိမ်အနက်ပေါ်မူတည်ပြီး ရက်တိုးသင့်ရင်တိုးရမှာဖြစ်ပါ တယ်။

ကလေးငယ်တွေကို ငုံးဥတစ်နေ့တစ်လုံး စားသုံးခြင်းဟာ ကိုယ်စိတ်ကျန်းမာခြင်းကို တိုးတက်စေပါတယ်။ ဆံပင်ကျန်းမာရေးကို မြှင့်တင်ပေးနိုင် ပါတယ်။ နို့ထွက်လည်း ပိုကောင်းစေပြီးနို့မှာ အာဟာရဓာတ်တွေပါဝင်မှုကို အရည်အသွေးပိုတက်စေပါတယ်။

ငုံးဥမှာပါဝင်တဲ့ ပိုတက်စီယမ်၊ မက်ဂနီစီယမ်လို သတ္တုဓာတ်များနဲ့ ဗီတာမင် ဘီ6 ကြောင့် ကျောက်ကပ်၊ အသည်းနဲ့ သည်းခြေအိတ်တွေမှာ ကျောက်တည်နိုင်ချေကို လျော့ပါးစေပါတယ်။ gym ကစားသူတွေလည်း ငုံးဥစားသုံးပေးမယ်ဆိုရင် အသားဓာတ်ကို ပိုမိုရရှိစေနိုင်ပါ တယ်။ ဒါ့အပြင် ငုံးဥမှာပါဝင်တဲ့ ovomucoid ပရိုတင်းနဲ့ lysozyme ဟာ ကြမ်းထော်ပြီး အနီပိမ့်တွေ ထွက်တတ်တဲ့ psoriasis ၊နှင်းခူနဲ့ ပန်းနာ ရင်ကျပ်ရောဂါတွေမှာဖြစ်တဲ့ ပိုးဝင် မှုနဲ့ ရောင်ရမ်းမှုကို ထိန်းချုပ်နိုင်ပါ တယ်။

ငုံးဥအနှစ်ကို အသုံးပြုပြီး မျက် နှာဖုံး mask အဖြစ်အသုံးပြုမယ်ဆို ရင်အရေပြားကျန်းမာရေးကို မြှင့်တင် ပေးနိုင်ပြီး တောက်ပရွှန်းစိုစေပါ တယ်။
ငုံးဥအကာကို ခေါင်းလျှော်ရာ မှာသုံးရင် တောက်ပပြီး ထူထဲတဲ့ဆံ ပင်ကို ပိုင်ဆိုင်မှာပါ။

Health Updates Journal

မီးဖိုဆောင်အသုံးအနှုန်း

မီးဖိုဆောင်အသုံးအနှုန်း

မီးဖိုဆောင်အသုံးအနှုန်းအချို့ကို တင်ပြပေးလိုက်ပါတယ်
(၁) grate = ( ခြစ်သည် ။ ဥပမာ ချိစ်တုံးကိုခြစ်သည်၊ အုန်းသီးခြစ်သည်)
ဒီနေရာမှာ..သင်္ဘောသီးလိုအမျှင်ခြစ်တာကိုတော့..juliean လို.ခေါ်ပါတယ်။
(၂) grill = ကင်သည်။
(၃)Layer = အလွှာဖြစ်အောင်လုပ်သည်၊ အထပ်ဖြစ်အောင်လုပ်သည်
(၄) level =စစ်ချသည် (ဥပမာ အမှုန်.တွေကိုဇကာနဲ.စစ်ချ)
အနည်စစ်တာကိုတော့..strain နဲ.သုံးပါတယ်..။
(၅) melt = ပျော်ဝင်အောင်အပူပေးသည်( ဥပမာ ထောပတ်ကိုပျော်အောင်ဖျော်)
(၆) pinch = ဖြူးသည် ( ဥပမာ ဆားဖြူးသည် sprinkle လို.လဲသုံးပါတယ်)
(၇)pour = လောင်းထည့်သည်။
(၈) scramble = ခေါက်သည်၊ မွှေသည်။( whisk လို.လဲသုံးပါတယ်)
(၉) serve = တည်ခင်းဧည့်ခံသည်( မြန်မာလို.တော့..ခူးပေး..ခပ်ပေးသည်)
(၁၀) simmer = အငွေ.ဖြင့်ပေါင်းသည်။
(၁၁) slice = အချပ်လေးများဖြစ်အောင်ပါးပါးလှီးသည်။
(၁၂) spread = ပျံ.နှံ.အောင်သုတ်သည်၊ လိမ်းသည်။
(၁၃) stir = မွှေသည်။
(၁၄) taste = အရသာ မြည်းစမ်းသည်။
(ဗပာုသုတအနေနဲ.ဝေမျှပေးခြင်းဖြစ်ပါသည်..။)

သဘာဝရဲ့အာဟာရ


ပာင်းသီးပာင်းရွက်တွေကိုလှီးဖြတ်ရာမှာ ပုံစံ(၁၃) မျိုး

ပာင်းသီးပာင်းရွက်တွေကိုလှီးဖြတ်ရာမှာ ပုံစံ(၁၃) မျိုး

မီးဖိုချောင်မှာပာင်းသီးပာင်းရွက်လှီးဖြတ်ပုံနည်းလမ်းလေးတွေတင်ဆက်ပေး
လိုက်ပါတယ်...။

ပာင်းသီးပာင်းရွက်တွေကိုလှီးဖြတ်ရာမှာပုံစံ(၁၃) မျိုးရှိပါတယ်...

(၁) small dice
ခပ်သေးသေးအရွယ်အတုံးလေးတွေလှီးဖြတ်ခြင်းမျိုးပါ
3mmx 3mm x 3mm

(၂) brunoise
ဒီအသံထွက်ကတော့ပြင်သစ်အသံထွက်ဖြစ်ပြီးအသေးဆုံးလို.အဓိပ္ပါယ်ရပါ
တယ်။ ဥပမာ ကြက်သွန်ဖြူကိုစဉ်းတုံးပေါ်မှာနုပ်နုပ်စင်းသလိုမျိုးသေးပါတယ်
2mmx 2mm x 2mm

(၃) Farmer _ Style
ဒီပုံစံကတော့..အရွယ်မရှိ ပုံစံမရှိ တုံးထစ်တဲ့ပုံစံမျိုးပါ

(၄) Fine Julienne
အမျှင်ပုံစံဖြစ်ပါတယ်
2mm x 2mm x 4cm

(၅) medium dice
လေးထောင့်တုံးပုံစံအလတ်အရွယ်တွေဖြစ်ပါတယ်..။
6mm x 6mm x 6mm

(၆) Country Style
အချပ်ပါးလေးများကို အရွယ်တူလှီးဖြတ်တဲ့ပုံစံမျိုးပါ
ဥပမာ Cheese , Ham လို.ခေါ်တဲ့ဝက်သားပြားများကိုလှီးဖြတ်တဲ့ပုံစံ

(၇) Slice
ပါးပါးလှီးတာမျိုးဖြစ်ပြီး..သခွားသီး ၊ မုန်လာဥတွေကိုလှီးဖြတ်တဲ့ပုံစံပါ
ပေါင်မုန်.လေးထောင့်ချပ်များကိုလည်း..Sliced Bread ခေါ်ပါတယ်..။

(၈) Julienne
အမျှင်ခပ်ကြီးကြီးပုံစံမျိုးဖြစ်ပြီး..ဥပမာ မြန်မာပြည်ဘီယာဆိုင်တစ်ချို.ရဲ.အာလူးအချောင်းကြော်ပုံစံမျိုးဖြစ်ပါတယ်..။

(၉) large dice / cube
အတုံးပုံခပ်ကြီးကြီးပုံစံမျိုးဖြစ်ပါတယ်..
12mm x 12mm x 12 mm

(၁၀) barrel
စပါးစေ့ပုံစံမျိုးဖြစ်ပြီး..ပန်းအလှဆင်ရတဲ့ဓါးကိုအသုံးပြုကာထင်းယူရပါတယ်

(၁၁) diamond
ဆနွင်းမကင်းပုံကွက်ပုံစံမျိုးတွေဖြစ်ပြီးအရွယ်သတ်မှတ်ချက်မရှိပါဘူး..။

(၁၂) Stick
အချောင်းခပ်ကြီးကြီးပုံစံမျိုးဖြစ်ပြီး..အမှန်တကယ်အာလူးအချောင်းကြော်
(ပြင်သစ်) ပုံစံမျိုးဖြစ်ပါတယ်..။

(၁၃) the chiffonade
ဒီးလှီးဖြတ်နည်းကတော့.ကျွန်တ်ာတို.တွေရှောက်ရွက် လိုမျိုအရွက်တွေကို
ထပ်၊ လိပ်ပြီး မှ..အမျှင်ဆုံး(အသေးဆုံး) လှီးဖြတ်တဲ့ပုံစံမျိုးပါ..။

နံပါတ်(၁၃) ကလွဲလို.ဖော်ပြပါပုံနဲ.ယှဉ်တွဲလေ့လာနိုင်ပါတယ်..။

သဘာဝရဲ့အာဟာရ

ကျိုင်းတုံဝက်သားလုံးခေါက်ဆွဲ

ကျိုင်းတုံဝက်သားလုံးခေါက်ဆွဲ

၁။ အိုးထဲမှာေ၇များများထည့်ပြီးဝက်၇ိုးနဲ့ ၀က်သားတို့ကို ထည့်ပြုတ်ပါ။
၂။အိုးထဲကိုဆား၊ ခနောကြက်သားတုံး၊ သကြား၊ အချိုမှုန့်နည်းနည်း၊ ဂျင်းနည်းနည်းထည့်ပါ။
၃။င၇ုတ်သီးအချဉ်၇ည်လုပ်၇န်အတွက် င၇ုတ်သီးကိုပါးပါးလှီးပြီး ရှာလကာမှုန့်/ဗီနီကာ၇ည် နဲ့ေ၇နွေးနည်းနည်းထည့်ပြီးဖျော်ထားပါ။
၎။ကြက်သွန်ဖြူဆီကြက်နဲ့ င၇ုတ်သီးဆီကျက်ပြုလုပ်ထားပါ။
၅။ ဂော်ဖီထုတ်နဲ့ ကြက်သွန်မြိတ်တို့ကိုပါးပါးလှီးထားပါ။
၆။ဝက်၇ိုးမှအချို၇ည်ထွက်ပြီးဝက်သားနူး၇င်ဝက်သားတုံးများကိုဆည်ပြီးပါးပါးလှီးထားပါ။
ပြင်ဆင်ပုံကတော့
၁။အခြားအိုးတစ်လုံးထဲမှာေ၇နွေးကိုပွက်အောင်တည်ထားပါ။
၂။ခေါက်ဆွဲတစ်ပွဲပြင်မယ်ဆို၇င်အိုးထဲကိုပဲပင်ပေါက်နဲ့ဆန်ခေါက်ဆွဲထည့်ပြီးဇကာပါတဲ့ယောင်းမနဲ့ပြန်ဆည်ပြီးပန်းကန်ထဲပြန်ထည့်ပါ။(ေ၇နွေးဖျောတဲ့သဘောပါ)
၃။ခေါက်ဆွဲပန်းကန်ထဲကို #င၇ုတ်ကောင်းမှုန့်၊
#ပဲငံပြာ၇ည်
#ကြက်သွန်ဖြူဆီကျက်၊ #င၇ုတ်သီးဆီကျက်၊ #င၇ုတ်သီးအချဉ်၇ည်၊ #ပါးပါးလှီးထားတဲ့အသား၊
#၀က်သားလုံး
#ကြက်သွန်မြိတ်
#ဂော်ဖီထုတ်
#အသားပြုတ်၇ည်
ထည့်ပြီးဝက်ခေါက်ကြော်(အပွ)နဲ့တွဲဖက်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ၇ှင်။
#၀က်သားလုံးလုပ်မယ်ဆို၇င်ဝက်သားကိုတောက်တောက်စင်း၇ယုံမက တုတ်နဲ့အချက်ပေါင်းများစွာ အချိန်အကြာကြီး၇ိုက်၇ပါတယ်။
အဲဒါကြောင့်စားချင်၇င်ဝက်သားလုံးသပ်သပ်ကိုဆိုင်ကပဲဝယ်ပြီးထည့်စား၇ုံပါပဲ။
#ထိုင်းကလာတဲ့ ready made ၀က်သားလုံးကိုဝယ်ပြီးပြုတ်ပြီးထည့်၇င်လည်းအဆင်ပြေပါတယ်။ ထိုင်းကလာတဲ့ဝက်သားလုံးကနှစ်မျိုး၇ှိပါတယ်။တစ်မျိုးကအခုလိုခေါက်ဆွဲထဲထည့်စားဖို့ပါ။နူးညံ့တဲ့ဂျုံနဲ့ေ၇ာထားလို့ချောမွေ့ပြီးနူးညံ့ပါတယ်။ နောက်တစ်မျိုးက အကင်အဖြစ်လုပ်စား၇တဲ့အမျိုးပါ။အကင်ဆိုင်မှာတုတ်ထိုးပြီးေ၇ာင်းပါတယ်။ သူ့အထဲမှာဂျုံအပြင် အ၇ွတ်တွေ၊ အကြောတွေပါကြိတ်ပြီးထည့်လုံးထားတဲ့အတွက် ကြမ်းပါတယ်။ သိပ်လည်းမချိုပါဘူး။ အဲလိုဝက်သားလုံးထည့်၇င်စားလို့မကောင်းပါဘူး။
#၀က်သားလုံးမ၇ှိလို့မထည့်ဖြစ်၇င်လည်းချိုတဲ့အသားပြုတ်၇ည်၇ှိတဲ့အပြင်အသားကိုလည်းပါးပါးလှီးထည့်ထားလို့ဒီးအတိုင်းပဲစား၇င်လည်းစားလို့ကောင်းပါတယ်။
#အချဉ်အတွက်သံပု၇ာသီးပဲညှစ်ထည့်၇င်လည်း၇ပေမယ့်င၇ုတ်သီးအချဉ်၇ည်ပါထည့်၇င်ပိုမွှေးပါတယ်။
#တ၇ုတ်နံနံကြိုက်၇င်ပါးပါးလှီးပြီးထည့်စားနိုင်ပါတယ်။ အခုမှစလုပ်စားမယ်ဆို၇င်တော့မထည့်စားပါနဲ့ဦး။
# ဖက်ထုတ်၊ ဂျုံခေါက်ဆွဲတို့နဲ့လုပ်၇င်လည်းအဆင်ပြေပါတယ်။

Special Credits and thanks to ဟင်းကောင်းကောင်းလေး ချက်စားကြစို့ and Original photo owners