ရွှေ အခေါ်အဝေါ်နှင့်တွက်ချက်နည်းများ
(၁) ရွှေ၏ဂုဏ်သတ္တိများ
Symbol of gold = Au (Aurum) (Latin word) (အရုဏ်ဦးအလင်းရောင်)
Atomic number of gold = 79
Atomic mass of gold = 196.96655 amu
Density of pure gold = 19.4 g/cm3 (Normally 19.32 , 19.2)
Melting point = 1064.43 °C (1337.5801 K, 1947.9741 °F)
Boiling point = 2807.0 °C (3080.15 K, 5084.6 °F)
Quality (Purity) of pure gold = 24 carats
ပေါကြွယ်ဝမှုအဆင့် = ၇၅
Resistance အနည်းဆုံးသတ္ထု
အပြားပါးအောင်အခတ်နိုင်ဆုံးသတ္ထု
နန်းကြိုးအဆွဲခံနိုင်ဆုံးသတ္ထု ( 1 troy ounce မှာ ၃၅ ~ ၅၀မိုင် )
(၂) ပိဿာ ၊ ကျပ် ၊ ပဲ ၊ ရွေး ၊ မူး ၊ မတ် ၊ စိပ် ၊ ခြမ်း
၁ ပိဿာ = ၁၀၀ ကျပ်
၁ ကျပ် = ၁၆ ပဲ
၁ ပဲ = ၇.၅ ရွေး (မန္တလေး) ၊ ၁ ပဲ = ၈ ရွေး (ရန်ကုန်)
၁ ကျပ် = ၁၂၀ ရွေး (မန္တလေး) ၊ ၁ ကျပ် = ၁၂၈ ရွေး (ရန်ကုန်)
၂ ပဲ = ၁ မူး
၎ ပဲ = ၁ မတ်
၈ ပဲ = ၅ မူး
၁၂ ပဲ = ၃ မတ်
၁/၄ (၀.၂၅) ရွေး = ၁ စိပ်
၁/၂ (၀.၅) ရွေး = ၁ ခြမ်း
၃/၄ (၀.၇၅) ရွေး = ၃ စိပ်
1 troy ounce = 31.1034768 g = 1.875 ကျပ် (1.9047 ကျပ်)
1 ကျပ် = 16.6 g = 0.0166 kg
ရွှေဈေးနှုန်းသည် ၁ကျပ်သားဈေးနှုန်းသာရှိပါသည်။ ထို့ကြောင့် ရွှေ ၀ယ်/ရောင်းသည့်အခါ ကျပ်ဖွဲ့၍ ပေါက်ဈေးဖြင့်တွက်ချက်ရပါသည်။
(၃) ကျပ်ဖွဲ့နည်း
ရွေး / ၇.၅ + ပဲ / ၁၆ + ကျပ် = ကျပ်
ဥပမာ
၁ကျပ် ၂ပဲ ၃ရွေး ကို ကျပ်ဖွဲ့လိုပါက
၃ / ၇.၅ = ၀.၄ +၂ = ၂.၄ / ၁၆ = ၀.၁၅ + ၁ = ၁.၁၅ ကျပ်
(၄) မြန်မာ့ရွှေဈေးတွက်နည်း
ဒေါ်လာလဲဈေး x ကမ္ဘာ့ရွှေဈေး / ၁.၈၇၅ = မြန်မာ့ရွှေဈေး (မီးလင်းရွှေဈေး , အခေါက်ရွှေဈေး , ၁၆ပဲရည်ရွှေဈေး)
အပြန်အလှန်အားဖြင့် မြန်မာကျပ်ငွေနှင့် ဒေါ်လာလဲဈေးတွက်လိုပါက
မြန်မာ့ရွှေဈေး / ကမ္ဘာ့ရွှေဈေး x ၁.၈၇၅ = ၁ဒေါ်လာလဲဈေး
ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စ (troy ounce) ပေါ်တွင်အခြေခံ၍တွက်ထားသောဒေါ်လာဈေးနှုန်းဖြစ်ပါသည်။
(၅) ၁၅ပဲရည်ဈေးတွက်နည်း
အတွင်းစပ်နည်း (ရှေးမူ)
၁၅ / ၁၆ x မီးလင်းပေါက်ဈေး
အပြင်စပ်နည်း
၁၆ / ၁၇ x မီးလင်းပေါက်ဈေး
၁၆ / ၁၈ x မီးလင်းပေါက်ဈေး = ၁၄ပဲရည်ဈေး
၁၆ / ၁၉ x မီးလင်းပေါက်ဈေး = ၁၃ပဲရည်ဈေး
၁၆ / ၂၀ x မီးလင်းပေါက်ဈေး = ၁၂ပဲရည်ဈေး
၁၅ပဲရည်ဖြစ်ရန်အတွက်
ရောစပ်မည့် ၁ပဲ ( ဘော် ၆ရွေး > ၊ ကြေးနီ ၁.၅ရွေး < ) (အဖန်စပ်) (အစိမ်း)
ရောစပ်မည့် ၁ပဲ ( ဘော် ၅ရွေး < ၊ ကြေးနီ ၂.၅ရွေး > ) (အငန်စပ်) (အနီ)
ရွှေဆိုသည်မှာ ဈေးလျှော့၍ ရောင်းနိုင်သော ရောင်းကုန်ပစ္စည်းမဟုတ်ပါ။ ဈေးလျှော့၍ရောင်းသောရွှေထည်များသည်
၁၅ပဲရည်အောက်ရွှေထည်များသာဖြစ်လိမ့်မည်။
(၆) ဒင်္ဂါးရွှေဈေးတွက်နည်း
အမေရိကန် coin ( ၁ကျပ် ၊ ၂ကျပ် ) ( ၁ကျပ်သားမှာ အခြားသတ္ထု ၁၂ရွေးသားရောထားတဲ့ရွှေ )
အင်္ဂလန် coin ( ၁မတ် ၊ ၅မူး ) ( ၁ကျပ်သားမှာ အခြားသတ္ထု ၁၃ရွေးသားရောထားတဲ့ရွှေ )
၁၂၀ - ရောစပ်ထားသောဘော်/ကြေးနီ(ရွေး) / ၁၂၀ x မီးလင်းပေါက်ဈေး = ဒင်္ဂါးရွှေဈေး
အပြန်အလှန်အားဖြင့်
ရောစပ်ထားသောဘော်/ကြေးနီ(ရွေး) = ဒင်္ဂါးရွှေဈေး / မီးလင်းပေါက်ဈေး x ၁၂၀ - ၁၂၀
(၇) ပါသည့်ငွေဖြင့်ရွှေဝယ်လျှင်ရမည့်ရွှေ = ပါသည့်ငွေ / မီးလင်းပေါက်ဈေး
ဥပမာ
ပါသည့်ငွေ = ၆၃၄,၅၀၀ကျပ် ၊ မီးလင်းပေါက်ဈေး = ၇၂၄,၅၀၀ကျပ် ဖြစ်လျှင်
ရရှိမည့် မီးလင်းရွှေချိန်တန်ဘိုး = ၁၄ပဲ
ရရှိမည့် ၁၅ပဲရည်ရွှေချိန်တန်ဘိုး = ၁၄ပဲ ၆.၅ရွေး
(၈) ကျွတ်နှုန်းတွက်နည်း
ရွှေအရိုင်းများကိုလှော်ပြီးတင်ကျန်ရစ်သည့်ရွှေနှင့်ခြားနားသည့်အခါလျော့သွားသောရွှေများကို ကျွတ်သည်ဟုခေါ်ပါသည်။ ကျွတ်နှုန်းဆိုသည်မှာ ၁ကျပ်သား၏ကျွတ်နှုန်းကိုဆိုလိုပါသည်။
အရိုင်းရွှေကျပ်ဖွဲ့ပါ M+ မီးလင်းရွှေကျပ်ဖွဲ့ပါ / MRC - 1 x 120 = ၁ကျပ်သားကျွတ်နှုန်း
ဥပမာ
ရွှေရိုင်း = ၉ကျပ် ၉ပဲ ၃ရွေး ၊ မီးလင်း = ၇ကျပ် ၈ပဲ ၂ရွေး ဖြစ်လျှင် ကျွတ်နှုန်း = ၂၅.၉ရွေး
ရွှေရိုင်း = ၃၅ကျပ် ၁၁ပဲ ၃.၅ရွေး ၊ မီးလင်း = ၃၃ကျပ် ၁၀ပဲ ၂.၅ရွေး ဖြစ်လျှင် ကျွတ်နှုန်း = ၆.၉ရွေး
(၉) ရွေး120 - ကျွတ်မည့်ရွေး / 120 x မီးလင်းပေါက်ဈေး = အရိုင်း၁ကျပ်သားဝယ်ဈေး
(၁၀) ရွေး120 - ကျွတ်မည့်ရွေး / 120 x မီးလင်းပေါက်ဈေး / 50 (ရွေးကြီး) = အရိုင်း၁ရွေးသားဝယ်ဈေး
(၁၁) ရွေးကြီး၁လုံးခန့်မှန်းဝယ်ဈေး x 6000 / မီးလင်းပေါက်ဈေး - 120 = ကျွတ်မည့်ရွေး (ကျွတ်နှုန်း)
Credit 😂😂😂😂
0 comments:
Post a Comment